
Knowledge management: Transforming individual learning into organisational change
Time: 2:30 to 3:30 PM | Language: Burmese
Registerယနေ့ကဲ့သို့ ခန့်မှန်းရခက်ပြီး လျင်မြန်စွာ ပြောင်းလဲနေသော ပတ်ဝန်းကျင်တွင် အဖွဲ့အစည်းများအနေဖြင့် အစီရင်ခံစာများနှင့် စာရွက်စာတမ်းများကိုသာ သိမ်းဆည်းထားရုံဖြင့် မလုံလောက်တော့ပါ။ ဝန်ထမ်းတစ်ဦးချင်းစီ၏ အသိပညာ၊ အတွေ့အကြုံနှင့် သင်ယူမှုများကို အဖွဲ့အစည်းတစ်ခုလုံး၏ သင်ယူမှုနှင့် ရေရှည်တည်တံ့သော အပြောင်းအလဲများအဖြစ် ပြောင်းလဲနိုင်သည့် လက်တွေ့ကျနည်းလမ်းများ လိုအပ်ပါသည်။
ဤကဲ့သို့ အသိပညာများ စနစ်တကျ စီးဆင်းမှုသည် တစ်ဦးချင်းစီ၏ သင်ယူမှုကို အဖွဲ့အစည်းအဆင့် အပြောင်းအလဲများနှင့် ချိတ်ဆက်ပေးနိုင်သလို၊ အဖွဲ့အစည်း၏ မဟာဗျူဟာနှင့် ဦးစားပေးလုပ်ငန်းများကို နေ့စဉ်လုပ်ငန်းဆောင်တာများတွင် တစ်ဦးချင်း လက်တွေ့အကောင်အထည် ဖော်နိုင်ရန်လည်း အထောက်အကူပြုပါသည်။
ဤ Knowledge Management Webinar တွင် အဖွဲ့အစည်းအတွင်း အသိပညာနှင့် အတွေ့အကြုံများကို စိတ်လုံခြုံမှုရှိစွာ (psychologically safe) နှင့် ထိရောက်လျင်မြန်စွာ (efficiently) မျှဝေစီးဆင်းစေနိုင်ပြီး တစ်ဦးချင်းစီ၏ သင်ယူမှုကို အဖွဲ့အစည်းအဆင့် အပြောင်းအလဲများအဖြစ် ပြောင်းလဲနိုင်ရန် အထောက်အကူပြုသည့် လက်တွေ့ကျ၊ ထိရောက်ပြီး အသုံးချရလွယ်ကူသော Knowledge Management နည်းလမ်းများကို မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
ဤဆွေးနွေးပွဲတွင် ပါဝင်သူများသည် အောက်ပါအကြောင်းအရာများကို လေ့လာရရှိမည်ဖြစ်ပါသည်။
- အသိပညာမျှဝေသည့် အဖွဲ့အစည်းယဉ်ကျေးမှု တည်ဆောက်နည်း
- Tacit Knowledge နှင့် Explicit Knowledge တို့၏ သဘောတရားနှင့် ကွာခြားချက်များ
- SECI Model ကို အသုံးပြု၍ တစ်ဦးချင်းစီ၏ သင်ယူမှုကို အဖွဲ့အစည်းအဆင့် အပြောင်းအလဲအဖြစ် ပြောင်းလဲနိုင်ပုံ
ဘယ်သူတွေ တက်ရောက်သင့်လဲ။
ဤဆွေးနွေးပွဲသည် အောက်ပါပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ပါသည်။
- NGO နှင့် CSO အဖွဲ့အစည်းများမှ ဝန်ထမ်းများ
- အဖွဲ့အစည်း ပဲ့ကိုင်သူများနှင့် အဖွဲ့အလိုက် ခေါင်းဆောင်များ
- စီမံကိန်း/ စီမံချက် မန်နေဂျာများ
- Human Resources (HR) နှင့် Organisational Development (OD) လုပ်ငန်းဆောင်ရွက်သူများ
- အဖွဲ့အစည်းအတွင်း အသိပညာမျှဝေခြင်းနှင့် သင်ယူခြင်းကို စိတ်ဝင်စားသူများ
📅 ၂၁ ဩဂုတ် ၂၀၂၆ (သောကြာနေ့)
🕝 မွန်းလွဲ ၂:၃၀ မှ ၃:၃၀ နာရီ (မြန်မာစံတော်ချိန်)
💻 Zoom မှတစ်ဆင့်
ဘာသာစကား - မြန်မာ


.webp)

.webp)
.webp)
.webp)
.webp)
.webp)






